Main menu

“လှိုင်လှိုင်ပေါ်နေတဲ့ ဝမ်းတွင်းမြို့စပါး’’

Powered by Drupal

         မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်သည် ကင်ဒါးဆည်ရေသောက်ဖြစ်၍ နွေစပါး၊ မိုးစပါး စိုက်ပျိုးထုတ်လုပ် လျှက်ရှိရာ စပါးသီးနှံကို မိတ္ထီလာခရိုင်အတွင်းတွင် အများဆုံးစိုက်ပျိုးသော မြို့တစ်မြို့ဖြစ်ပါသည်။ ဝမ်းတွင်းမြို့နယ်တွင် မနောသုခ၊ ဧရာပဒေသာစသည့် စပါးကို အဓိကစိုက်ပျိုးပြီး ဒီဇင်ဘာလ ဒုတိယ အပတ်အတွင်း ဝမ်းတွင်းမြို့နယ်မှ မိုးစပါးများ စတင်ရိတ်သိမ်းလျှက်ရှိပြီး ဝမ်းတွင်းမြို့နယ်မှ စပါးများကို ကျောက်ဆည်၊ မန္တလေးသို့ စပါးအတိုင်းတင်ပို့ရောင်းချလျှက်ရှိပါသည်။ လက်ရှိစပါးစျေးနှုန်းများမှာ မနောသုခ စပါး၁တင်းလျှင် (၇၅၀၀)ကျပ်၊ ဧရာပဒေသာ စပါး၁တင်းလျှင် (၈၅၀၀)ကျပ်ရှိကြောင်း၊ ယခင်နှစ်စပါးပေါ်စတွင် မနောသုခစပါး၁တင်း(၈၀၀၀)ကျပ်၊ဧရာပဒေသာ စပါး၁တင်း(၉၀၀၀)ကျပ် ရှိခဲ့သဖြင့်ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စပါးစျေးအနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

        လက်ရှိ ဆန်သစ်စျေးနှုန်းများမှာ မနောသုခ ဆန်(၂၄)ပြည် ၁အိတ် (၂၈၀၀၀)ကျပ်၊ ဧရာပဒေသာ ဆန် (၂၄) ပြည် ၁ အိတ်လျှင် (၃၆၀၀၀) ကျပ် ရောင်းဝယ်လျက်ရှိပြီး ဆန်းအဟောင်းစျေးနှုန်းများမှာ မနောသုခ ဆန်(၂၄)ပြည် ၁အိတ် (၃၈၀၀၀)ကျပ်၊ ဧရာပဒေသာ ဆန် (၂၄) ပြည် ၁ အိတ်လျှင် (၅၀၀၀၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ ဝမ်းတွင်းမြို့နယ်တွင် စပါးစိုက်ဧက ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးခဲ့သော်လည်း စပါးအထွက်နှုန်းလျှော့ နည်းခြင်း၊ သွင်းအားစုနှင့်ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုများလာခြင်း၊ လက်ရှိ စပါးစျေးနှုန်းများမှာလည်း ယခင် နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက လျှော့နည်းနေခြင်းတို့ကြောင့် လက်ရှိအခြေအနေတွင် တောင်သူများအကျိုးအ မြတ် လျှော့နည်းလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး