Main menu

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

နေပြည်‌တော်ကောင်စီနယ်မြေတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၆၈၀၀ကျပ်၊ ဧည့်မထတစ်ပြည်လျှင် ၃၅၀၀ကျပ်၊ မနောသုခတစ်ပြည်လျှင် ၃၄၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၅၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ (ရှမ်း)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ ငရုတ်သီးခြောက် လက်လီဈေးမှာ (အရှည်) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ (အပု)တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်အထိ၊ အာလူး လက်လီဈေးမှာ တစ်ပိဿာလျှင် ၂၉၀၀ကျပ်မှ ၃၂၀၀ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကြက်ဥ လက်လီဈေးမှာ  တစ်လုံးလျှင် ၂၄၀ကျပ်မှ ၂၆၀ကျပ်အထိဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိတို့ဖြင့် ရောင်းဝယ်နေကြကြောင်းသိရသည်။

   စားသုံးဆီဈေးနှုန်များမှာ ပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(နေပြည်တော်)