Main menu

မြစ်ကြီးနားဈေးကွက်ရှိ ခရမ်းချဉ်သီးဈေးနှုန်းများ ပြန်လည်ကျဆင်းလာ

Powered by Drupal

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခင်က ခရမ်းချဉ်သီး တစ်ပိဿာ ၃၅၀ဝိ/- မှ ၄၀၀ဝိ/- အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှစ၍ တစ်ပိဿာ ၂၀၀ဝိ/- သို့ ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း ခရမ်းချဉ်သီးရောင်းဝယ်သူများထံမှ သိရှိရပါသည်။ မြစ်ကြီးနားမြို့ တွင်ရောင်းချသည့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်နှင့် အခြားမြို့နယ်များမှ မှာယူရောင်းချရခြင်း ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ဈေးနှုန်းအဆမတန် မြှင့်တက်မှုဖြစ်ပေါ်ခဲ့ကြောင်း ယခုအခါ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်များမှ ဒေသထွက် ခရမ်းချဉ်သီးများ ထွက်ပေါ်လာပြီဖြစ်၍ ဈေးနှုန်းများပြန်လည် ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရ သည်။ ကချင်ပြည်နယ်အတွင်း ဒေသထွက်ခရမ်းချဉ်သီးများမှာ လက်ကားဈေး တစ်ပိဿာလျှင် ၁၇၀ဝိ/- ပေါက်ဈေးရှိပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါ်ပြီ ဖြစ်၍ ဈေးနှုန်းများ ထပ်မံကျဆင်းလာနိုင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိခဲ့ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ကချင်ပြည်နယ်