Main menu

မြင်းခြံမြို့နယ်တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

Powered by Drupal

   မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အေးမြသီတာဈေးအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ဧရာပေါ်ဆန်းမွှေး တစ်ပြည်လျှင်(၄၈၀၀)ကျပ်မှ(၅၀၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်မှ(၃၅၀၀)ကျပ်၊ ကုလားပဲဆံ တစ်ပြည်လျှင်(၇၀၀၀)ကျပ်မှ(၇၅၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၂၃၀)ကျပ်မှ(၂၅၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၃၅၀)ကျပ်မှ(၄၀၀)ကျပ်၊ သားငါးဈေးများအနေဖြင့် ငါးမြစ်ချင်းခုတ်သား တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်မှ(၁၄၀၀၀)ကျပ်၊ ကြက်သားခုတ်သား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်၊ ဝက်သား(သုံးထပ်သား) တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ(၁၉၀၀၀)ကျပ်၊ အာဗြဲခြောက် တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်မှ(၃၂၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၆၀၀) ကျပ်မှ(၃၂၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်နှင့် (၁၄၀၀၀)ကျပ်၊ ဂျင်းအစို (အသစ်) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ(၅၀၀၀)ကျပ်၊ ဂျင်း(ဟောင်း) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ(၇၀၀၀)ကျပ်၊ ငရုတ်သီးခြောက်ရှည် တစ်ပိဿာလျှင် (၁၂၀၀၀၊၁၅၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင်(၂၈၀၀)ကျပ်မှ(၃၂၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်မှ (၅၁၀၀) ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)