Main menu

ဈေးအတက်၊ အကျရှိသည့် ရွှေဘိုမြေပဲလုံးဆံဈေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦး စီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

   ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(နီ၊ဖြူ)များမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၈၆၄၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ(၆၀၀)တင်း/(၁၄)တန်ဖြစ်ကြောင်း၊  မြေပဲလုံးဆံ(နီ)တစ်တင်းလျှင် (၉၀၄၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး နိုဝင်ဘာလတတိယတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း / (၂၁)တန်ဖြစ်ကြောင်း၊ ယခင်နိုဝင်ဘာလဒုတိယအပတ်နှင့် ယခုတတိယအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများ နှိုင်းယှဉ်ပါက ယခင်နိုဝင်ဘာဒုတိယအပတ်၌ မြေပဲလုံးဆံ (ဖြူ) တစ်တင်းလျှင် (၉၂၈၀ဝိ/-)ကျပ်နှင့် မြေပဲလုံးဆံ(နီ) တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုတတိယအပတ်တွင် နိုဝင်ဘာဒုတိယအပတ်အောက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၆၄၀ဝိ/-) ကျပ် ဈေးလျော့နည်းခဲ့ပြီး နိုဝင်ဘာဒုတိယအပတ်ထက် မြေပဲလုံးဆံ(နီ)တစ်တင်းလျှင်(၂၄၀ဝိ/-) ကျပ် ဈေးပိုရရှိခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်းလျှင် (၈၁၆၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် မြေပဲလုံးဆံ (ဖြူ) တစ်တင်းလျှင် (၄၈၀ဝိ/) ကျပ်ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)