Main menu

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

   ကန့်ဘလူမြို့တွင် ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ မှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၃၀၀ မှ  ၅၀၀)ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး(၁)လုံးလျှင်(၁၀၀၀ မှ ၁၂၀၀)ကျပ်ထိ၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (အစေ့လွတ်) (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၅၀၀) ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊ သခွားမွှေး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်ထိ၊  မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ တည်သီး (၁)လုံး လျှင် (၇၀၀ မှ ၁၀၀၀)ကျပ်ထိ ၊ ထောပတ်သီး (၁)လုံးလျှင် (၈၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ သလဲသီးအသေး (၁)လုံးလျှင် (၇၀၀)ကျပ်၊ သလဲသီးအကြီး (၁)လုံးလျှင် (၁၂၀၀)ကျပ်၊ သင်္ဘောသီးအမှည့် (၁)လုံးလျှင် (၁၀၀၀ မှ ၁၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀မှ၈၀၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)