Main menu

ဇီးကုန်းမြို့နယ်၏ မတ်ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင်  မတ်ပဲဈေးများ ဆက်မြင့်တက်လက်ရှိပြီး  အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခင်အောက်တိုဘာလ ဒုတိယပတ်တွင် မတ်ပဲဈေးမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ၈၄၀၀၀ကျပ်မှ ၈၄၅၀၀ကျပ်အထိဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် ၉၀၀၀၀ကျပ်မှ      ၉၁၀၀၀ကျပ်အထိဖြင့်ရောင်းဝယ်လျက်ရှိပါသည်။

    နိုဝင်ဘာလ ပထမပတ်တွင် မတ်ပဲဈေးမှာ ပိဿာ (၂၀) ဝင်တစ်တင်းလျှင် ၉၁၀၀၀ကျပ်မှ    ၉၂၅၀၀ကျပ်အထိဈေးမြင့်တက်ခဲ့ပြီး ဒုတိယပတ်တွင် ၉၁၀၀၀ကျပ်မှ ၉၁၅၀၀ကျပ်အထိဈေးနှုန်းဖြင့် ဈေးငြိမ်နေကြောင်းသိရပါသည်။

       တင်ပို့မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ပိဿာ(၂၀)ဝင်အိတ် (၂၅၀-၃၀၀)ခန့်တင်ပို့မှုရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)