Main menu

“နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ချေးငွေပေးအပ်ခဲ့မှုအပေါ် လုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် ကွင်းဆင်းဆောင်ရွက်”

Powered by Drupal

  “နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်” ဆိုသည့်မူဝါဒနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံ့စီးပွားရန်ပုံငွေထူထောင်၍  လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်တို့အတွက် နိုင်ငံ့စီပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသတ်မှတ်မူဘောင်အပေါ် တောင်သူများအနေဖြင့် သွင်းအားစုများထည့်သွင်းအသုံးပြုခြင်း၊ တစ်ဧကအထွက်နှုန်းပိုမိုတိုးတက်လာစေရန် ဈေးနှုန်းနှင့်ဈေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပဈေးကွက်များသို့ ပိုမိုချိတ်ဆက်မှုရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်တို့ကိုရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊၊

    နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းကို မိုးစပါးသီးနှံအတွက် တစ်ဧကလျှင် ချေးငွေ(၂၀၀၀၀ဝိ/-) ကျပ်နှင့်ညီမျှသည့် သွင်းအားစုပစ္စည်းများရရှိအောင်ဆောင်ရွက်ခြင်း၊ တောင်သူများအနေဖြင့် ချေးငွေပြန်လည်ပေးအပ်ရာတွင် ချေးငွေပမာဏနှင့်ညီမျှသော သီးနှံထွက်ကုန်အား ဝယ်ယူကြိတ်ခွဲတင်ပို့သူများအစုအဖွဲ့ထဲသို့ရောင်းချပြီး ၎င်းတို့က နိုင်ငံတော်သို့ ရန်ပုံငွေပြန်လည်ပေးသွင်းရမည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊၊ ယင်းသို့ဆောင်ရွက်ရာ၌ သန်လျင်ခရိုင်အတွင်း ကုမ္ပဏီ(၄)ခု၊ သမအသင်းစု(၄)စုတို့မှ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ တောင်သူ(၁၂၉၆) ဦး၊ အစုအဖွဲ့(၆၃) ဖွဲ့ဖြင့် စုစုပေါင်း (၁၃၀၂၅) ဧကကို စာချုပ်ချုပ်ဆို၍ တစ်ဧကလျှင် ကျပ်(၂၀၀၀၀ဝိ/-)နှင့်ညီမျှသော သွင်းအားစုများပေးအပ်ခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာဌာနမှ ကျေးရွာအုပ်စု(၉)အုပ်စု၊ တောင်သူ(၁၁၆) ဦး၊ အစုအဖွဲ့(၁၈) ဖွဲ့၊ စုစုပေါင်း (၁၅၆၉) ဧကတို့ကို ငွေသားထုတ်ချေးပေးခြင်းဖြင့်လည်းကောင်း မိုးစပါးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊၊ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းကို တိုင်း/ ခရိုင်၊ မြို့နယ်အသင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကိုဖွဲ့စည်းခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်၍ တောင်သူလယ်သမားအစုအဖွဲ့၊ သမဝါယမအသင်းများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူများပါဝင်သည့် အစုအဖွဲ့များက အဓိကပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်၊၊

     ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်နှင့် တွံတေးခရိုင်များတွင် (၂၀၂၂-၂၀၂၃)ခုနှစ် မိုးစပါးကို ဧက (၈၀၂၀၀၀)ဧကကျော်စိုက်ပျိုးခဲ့ပြီး (၁၅-၁၁-၂၀၂၃) ရက်နေ့အထိ (၂၇၃၄၀၀)ဧကခန့်ရိတ်သိမ်းပြီးဖြစ်၍ သန်လျင်ခရိုင်ရှိ နိုင်ငံ့စီပွားရန်ပုံငွေဖြစ်ဆောင်ရွက်သည့် တောင်သူများက ဧကအလိုက်ချေးငွေရရှိခဲ့မှုအပေါ် မိုးစပါးတစ်ဧကလျှင် (၂၀၀၀၀ဝိ/-) ကျပ်နှင့်ညီမျှသော ကာလပေါက်ဈေးဖြင့် စပါးပြန်လည်ရောင်းချပေးနိုင်ရေး ခရိုင်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက စီမံဆောင်ရွက်လျက်ရှိနေပြီး လာမည့်ဆောင်းရာသီ သီးနှံဆီထွက်သီးနှံစိုက်ပျိုးရန်လျာထားမှုအတွက်လည်း လိုအပ်သည့်ချေးငွေများထပ်မံထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်၊၊

DOCA(ရန်ကုန်)