Main menu

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ဖြစ်ပေါ်လျက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၏ ဈေးနှုန်း/ ဈေးကွက်အခြေအနေများ

Powered by Drupal

   ကရင်ပြည်နယ်၊ စားသုံးသူရေးရေးရာဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်နှင့်ဝန်ထမ်းများသည် (၂၅-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာနှင့်  နောင်ထလုံကျေးရွာရှိ အောင်ဆန်းငွေလာ အဆင့်မြင့်ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ရာ ဘားအံမြို့နယ်အတွင်း လက်ရှိအရောင်းအဝယ်ဖြစ်‌လျက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းဈေးနှုန်း/ ဈေးကွက်အခြေအနေများအနက် စပါးအစိုဈေးနှုန်းမှာ ၁၇၅၀၀၀၀/-ကျပ်နှင့် စပါးအခြောက်ဈေးနှုန်းမှာ ၁၈၇၀၀၀၀/-ကျပ်ဖြင့်ဝယ်ယူခဲ့ရပြီး ဆန်ဈေးနှုန်းများမှာ ဖန်တီး သုခရှယ်(ဆန်ဟောင်း)တစ်အိတ်လျှင် ၈၆၀၀၀/-ကျပ်၊ ရွှေသွယ် ရှယ်(ဆန်ဟောင်း)တစ်အိတ်လျှင် ၈၀၀၀၀/-ကျပ်၊ ရွှေသွယ်ရှယ်(နှံကောက်)တစ်အိတ်လျှင် ၇၂၀၀၀/ကျပ်-၊ မိုးဆင်းသုခ(အသစ်)တစ်အိတ်လျှင် ၆၄၀၀၀/-ကျပ်၊ ဆန်ကွဲသီးသန့်တစ်အိတ်လျှင် ၄၈၀၀၀/-ကျပ်၊ ဖွဲနု(50lb)တစ်အိတ်လျှင် ၂၀၀၀၀/-ကျပ်၊ ပွိုင့်(60lb)တစ်အိတ်လျှင် ၂၄၀၀၀/-ကျပ်၊ ၊ ပွိုင့်ရော(60lb)တစ်အိတ်လျှင် ၂၄၀၀၀/-ကျပ်၊ ဖွဲကြမ်းတစ်အိတ်လျှင် ၆၀၀၀/-ကျပ်၊ ဖွဲပြာတစ်အိတ်လျှင် ၂၀၀၀/-ကျပ်၊ စပါးမှုန်တစ်အိတ်လျှင် ၃၀၀၀/-ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)