မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေး နှင့် ပျံကျ ဈေးတို့တွင် မြန်မာပြည်အောက်ပိုင်းဒေသမှ ဧရာဝတီတိုင်းဒေသကြီးရှိနယ်များ၊ ရခိုင်ပြည်နယ်ရှိ ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များထွက်ရှိရာမြို့နယ်များမှ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ငါးခြောက်များမှာ ငါးနီတူးခြောက်၊ ငါးပုတ်သင်ခြောက်၊ အာဗြဲခြောက် (ခေါ်)ငါးဖေါင်ရိုးခြောက်၊ မီးတန်သွယ်ခြောက်၊ ငါးစင်းလုံးခြောက်၊ ငါးရံ့ခြောက်၊ငါးရခွန်ခြောက်နှင့် ပုဇွန် ခြောက်အမျိုးမျိုးတို့ အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင်ရောင်းချနေသော ငါးခြောက်အမျိုးမျိုး၏ဈေးနှုန်း များမှာ ငါးနီတူးခြောက်တစ်ပိဿာလျှင် ကျပ်(၂၁၀၀၀)၊ ငါးပုတ်သင်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ပုတ်သင် ခြောက်(အသေး)တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာဗြဲခြောက်(ခေါ်) ငါးဖေါင် ရိုးခြောက်(အကြီး)တစ်ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ အာဗြဲခြောက်(ခေါ်) ငါးဖေါင်ရိုးခြောက်(အသေး) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မီးတန်သွယ် ခြောက် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးစင်းလုံး ခြောက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀/ ၁၄၀၀၀)၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ကျပ်(၃၆၀၀၀ မှ ၄၅၀၀၀)၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)နှင့် ပုဇွန်ခြောက်အမျိုးမျိုးဈေးနှုန်းများမှာ ပုဇွန်ခြောက်အကြီးတစ်ပိဿာလျှင် ကျပ်(၇၅၀၀၀)၊ ပုဇွန်ခြောက်အလတ်တစ်ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ပုဇွန်အသေး အသားခြောက်တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မျှင်ငါးပိတစ်ပိဿာလျှင် ကျပ်(၄၂၀၀ မှ ၈၂၀၀)၊ ငံပြာရည်(၅၀)သားတစ်ပုလင်းလျှင် ကျပ်(၁၂၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)