Main menu

ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် (အဌမအကြိမ်) စားအုန်းဆီများရောင်းချလျက်ရှိ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဒေါ်တင်မာရီတို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကိုသက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများ ရောင်း ချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသောရည်ညွှန်းဈေးအပေါ် အခြေခံ၍အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

       ဆိပ်ဖြူမြို့နယ်အတွင်းရောင်းချရာ၌ (၂၀.၁၁.၂၀၂၃)ရက်နေ့တွင် ဓမ္မရိပ်သာကျောင်းဝိုင်း၌ အနောက် ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု(၇၀၀)စုအတွက် စားအုန်းဆီပိဿာ(၇၀၀)ပိဿာအားလည်းကောင်း၊ (၂၁.၁၁.၂၀၂၃)ရက်နေ့တွင် ရွာသစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝိုင်း၌ ချင်တောင်ကျေးရွာ အုပ်စုရှိ အိမ်ထောင်စု(၇၅၀)စုအတွက် စားအုန်းဆီပိဿာ(၇၅၀)ပိဿာအားလည်းကောင်း၊ (၂၂.၁၁.၂၀၂၃) ရက်နေ့တွင် မြင်ကဝကျေးရွာအုပ်စု၊ ဆူးလေကုန်းကျေးရွာရှိ အိမ်ထောင်စု(၄၀၀)အတွက် စားအုန်းဆီ ပိဿာ(၄၀၀)ပိဿာအားလည်းကောင်း၊ (၂၃.၁၁.၂၀၂၃)ရက်နေ့တွင် မြင်ကဝကျေးရွာအုပ်စုရှိ ကျီးပင်ကျေးရွာနှင့် အောက်ဆိပ်ကျေးရွာ၌ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီပိဿာ(၄၀၀)ပိဿာအား လည်းကောင်း၊ (၂၄.၁၁.၂၀၂၃) ရက်နေ့တွင် ရွာသစ်ရပ်ကွက်ရှိ အိမ်ထောင်စု(၅၀၀)စုအတွက် စားအုန်းဆီ ပိဿာ(၅၀၀)ပိဿာအားလည်းကောင်း၊ စုစုပေါင်း အိမ်ထောင်စု(၂၇၅၀)စုအတွက် စားအုန်းဆီပိဿာ (၂၇၅၀)ပိဿာအား နေ့စဉ် နေ့လယ်(၁၃:၀၀)နာရီနှင့်(၁၃:၀၀)နာရီအချိန်တွင် ဆီတစ်ပိဿာလျှင် ကျပ် (၅၂၀၀)ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများကို အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)