၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့ဝင်ဌာနများနှင့် ဆက်စပ်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ အိမ်နီးချင်းနိုင်ငံမှ တရားမဝင်တင်သွင်းရောက်ရှိလာသည့် ပုစွန်တံဆိပ်ပါ စားသုံးဆီများအား ထားဝယ်မြို့တွင်းရှိ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့်ဆက်စပ်လျက်ရှိသော သိုလှောင်ရာနေရာတချို့အား ရှောင်တခင်စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)