Main menu

မော်လမြိုင်ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

Powered by Drupal

          မော်လမြိုင်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၊ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိပြီး သယ်ယူခနှုန်းထားမြင့်တက်လာမှုကြောင့်  ဈေးနှုန်းအနည်းငယ်မြင့်လာကြောင်းသိရှိရသည်။ ဈေးကွက် ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ  ယခင်အပါတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၇၅၀၊ ဆင်(ထိုင်း) ကျပ် ၈၃၀၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၇၂၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၇၈၅၀၊ ဆင်(ထိုင်း) ကျပ် ၈၃၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၇၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးအနည်းငယ်ကျဆင်းလာပြီး အရောင်းအေးနေကြောင်း သိရှိ ရသည်။

အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၇၈၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၇၅၅၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ကျပ် ၈၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုပ် (တောင်) ကျပ် ၅၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) ကျပ်၈၀၀၀၀၊ တီစူပါ တရုတ် (သံကွင်း) ကျပ် ၄၉၀၀၀၊ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၇၈၅၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၇၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ကျပ် ၈၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၄၆၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုပ် (တောင်) ကျပ် ၅၇၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) ကျပ် ၈၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) ကျပ် ၄၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။  ယခုတစ်ပတ်တွင်  ဝယ်လိုအားနည်းနေသည့်အတွက် ဈေးအနည်းငယ်ကျဆင်းလာကြောင်း သိရှိရသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)