စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦး(ဒုတိယကြီးကြပ်ရေးမှူး)သည် (၁၃-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (Talk Show) ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ခံက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ ပုဒ်မ(၄၁)၊ (ခ)နှင့် (ဆ)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အမျိုးအမည် (အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ)၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက်(၇)ချက်ကို မဖြစ်မနေထည့်သွင်းထုတ်လုပ်ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)၊ DOCA Myanmar Mobile Application၊ www. doca. gov. mm၊ Comsumer Call Center No. (1535)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသေးစိတ်အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)