Main menu

ပြည်ခရိုင်တွင် ပဲစင်းငုံသစ်များစတင်ထွက်ပေါ်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပဲစင်းငုံများ  စိုက်ပျိုး၍ စိုက်ပျိုးဧကမှာ ၁၈၃၄၇ ဧကခန့်စိုက်ပျိုးပြီး အထွက်နှုန်းမှာ ၁၆.၃၁ တင်းခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအခါပဲစင်းငုံအသစ်များ ပန်းတောင်းမြို့နယ်ဘက်မှ အများဆုံးဝင်ပြီး မကွေးတိုင်း၊ မင်းတုန်း၊ ကံမဘက်မှလည်း ပြည်ပွဲရုံများသို့ အဝင်ရှိပါသည်။ ယခုနှစ် ပဲသစ်တစ်တင်း ၄၀၀၀၀ကျပ်ဖြင့် စျေးဖွင့်ခဲ့ပြီး ပဲကုန်သည်များမှာ ပဲတစ်တင်းလျှင် ကွင်းစျေး ၃၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ပွဲရုံများသို့ ၄၀၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။

          ယခုရက်အတွင်းပဲဝင်ရောက်မှုမှာ စတင်ထွက်ပေါ်ချိန်ဖြစ်၍ တစ်ရက်ကို အိတ် ၃၀/၄၀ ခန့်သာရှိပြီး အရောင်းအဝယ်အနေဖြင့် လှောင်လက်များသာ အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ပဲစပေါ်ချိန် ပဲတစ်တင်းလျှင် ၂၇၀၀၀ကျပ်ဖြင့် စျေးစဖွင့်ခဲ့ပြီး ယခုနှစ်စျေးနှင့် နှိုင်းယှဉ်လျှင် ၁၃၀၀၀ ကျပ်ခန့်ပိုမိုရရှိသဖြင့် ယခင်နှစ်ကထက်စျေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)