Main menu

ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်း (အ.မ.က)ကျောင်းတွင် စားသုံးသူအသိပညာပေးဆွေးနွေးဟောပြော

Powered by Drupal

    ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်း (အ.မ.က)စာသင်ကျောင်းတွင် (၂၀-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဆွေးနွေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ အခြားပူးပေါင်းအဖွဲ့များဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၇၀)ဦးတို့တက်ရောက်ခဲ့ပါသည်။ ၎င်းဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာချောစုကြည် (ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒေါငြိမ်းငြိမ်းသန့်က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများအကြောင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က ကျန်းမာရေးအတွက် ရဲယိုရွက်/အသီးတို့၏ အသုံးဝင်ပုံတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)