ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် အ.လ.က (ခ.လ.ရ -၁၄) စာသင်ကျောင်းသို့သွားရောက်၍ စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။
ထိုဆွေးနွေးဟောပြောပွဲတွင် ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ယဉ်ယဉ်ဆင့် (ဒု-ဦးစီးမှူး)က စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းထားရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော ကုန်အညွှန်းအမှတ်အသားများအကြောင်းရှင်းလင်းခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရန်နည်းလမ်းများကိုလည်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၈၇)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)