စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးဆိုင်ရာသိကောင်းစရာများကို ကျောင်းသား/သူနှင့် ဆရာ/ဆရာမများသိရှိစေရန်ရည်ရွယ်၍ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ နှပ်တန်းလမ်းရှိ (အ.မ.က)ကျောင်းတွင် (၂၂-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်မှ နံနက် (၁၁:၀၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသိပညာပေးဟောပြောပွဲတွင် ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ခင်နှင်းမိုး(ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဆိုင်ရာ (၈)ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူများရရှိရမည့်အခွင့်အရေး၊ လိုက်နာရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများ၏သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၇၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)