စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၃-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာရှိ ထန်းလျက်လုပ်ငန်းရှင်များအား SMEs ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိထုတ်လုပ်နေသောကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်ပုံနည်းစနစ်၊ ရင်းနှီးမြှပ်နှံမှုအခြေအနေနှင့် အကျိုးအမြတ်၊ လုပ်သားအင်အား၊ သန့်ရှင်းမှု၊ သတ်မှတ်ထားသော စံချိန်စံညွှန်းမီစေရေးတို့ကိုဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ဘက်ကလည်း ဝယ်လိုအား၊ ရောင်းလိုအားအပေါ်မူတည်၍ ထုတ်လုပ်မှုအနည်းအများရှိခြင်းနှင့် စားသုံးသူများအန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)