စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စုရှိ အုပ်စုခန်းမ၌ မုန့်ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် Call Centre Np.(1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)