Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ဒီဇင်ဘာလ(စတုတ္တ)ပတ်အတွင်း ‌ရွှေဘို ပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း (ဟ)(တစ်အိတ်)လျှင် ၁၆၀,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၁၀,၀၀၀ ကျပ်၊ဧရာမင်း(ဆန်) (ဟ) (တစ်အိတ်)လျှင် ၁၆၀,၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)  (တစ်အိတ်)လျှင် ၆၅,၀၀၀ ကျပ်၊ ဧည့်မထ ဆန်(ဟ)  (တစ်အိတ်)လျှင် ၁၀၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၄၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၁၅၀၀ မှ ၁၂၀၀၀ ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ) ၂၅၀၀ မှ ၂၈၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၁၃၅၀၀ မှ ၁၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၁၃၅၀၀ မှ ၁၄၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၈၇၀၀ မှ ၉၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၂၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်) ၈၀၀ ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) ၆၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၁၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၂၀၀၀၀ မှ ၂၂၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ မှ ၁၂၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံး လျှင် ၁၀၀၀-၃၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် နနွင်းတက်၊ ကြက်သွန်နီ ဈေးနှုန်းအနည်းငယ်အတက်အကျရှိနေပြီး  စားအုန်းဆီ ဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)