Main menu

ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များရောင်းချပေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးနှင့်  ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေးအထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များကို ဈေးနှုန်းချိုသာစွာရောင်းချခဲ့ပါသည်။

     တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့်  ဆီ (၅၀)ကျပ်သား (၁)ဘူးလျှင်  (၂၇၀ဝိ/)ကျပ်နှုန်းဖြင့် ဆီ (၃၅၀)ဘူး၊ ဆန်(၁)ပြည်လျှင် (၂၅၀ဝိ)/-ကျပ်နှုန်းဖြင့် ပြည်(၄၀၀)ရောင်းချခဲ့ရာ စားသုံးသူရပ်မိရပ်ဖပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လာရောက်ဝယ်ယူကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)