Main menu

အထက်မင်းလှမြို့၊ နတ်အင်းကွင်း၌ ဆောင်းသီးနှံကုလားပဲ(ဟော်လန်) စိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ ယခု၂၀၂၃ခုနှစ်၊ ဆောင်းရာသီကာလတွင် ဆောင်းသီးနှံများအဖြစ် နေကြာ၊ ဝါ၊ ပဲကြီး၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲလွန်း၊ ပြောင်း စသည့်သီးနှံများကိုစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

       အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၆)ရပ်ကွက်၊ နတ်အင်းကွင်း၌ ကုလားပဲစိုက်တောင်သူ (၇၀)ဦးခန့်မှာ စိုက်ဧက(၁၀၀)ဧကကျော်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ကုလားပဲ(ဟော်လန်) မျိုးကိုအများဆုံးစိုက်ပျိုးကြပြီး လက်ဖြင့်ကြဲပက်စနစ်၊ ထွန်တုံးဖြင့် ကြောင်းဆွဲစနစ် စသည့်နည်းစနစ်(၂)မျိုးဖြင့်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ကုလားပဲ(၁)ဧကစိုက်ပျိုးထားကြောင်း၊ မျိုးကို ဝယ်စရာမလိုဘဲ ယခင်နှစ် ကုလားပဲစိုက်ခင်းမှရရှိသည့် ကုလားပဲများကို မျိုးစေ့အဖြစ်ဖယ်ချန်၍ စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုးမှာ (၁)တင်းခွဲခန့်ကုန်ကျကြောင်း၊ မျိုး(၁)တင်းခွဲကုန်ကျသည်မှာ လှောင်ထားသည့်မျိုးစေ့တချို့တွင် မျိုးမအောင်သည့်အစေ့များပါတက်သောကြောင့် များများအသုံးပြုရခြင်းဖြစ်ကြောင်း၊ အင်းမြေကွက်မြေအစိုဓာတ်ဖြင့် စိုက်ပျိုးသောသီးနှံဖြစ်၍ ရေသွင်းစရာမလိုကြောင်း၊ ကုလားပဲကို တန်ဆောင်းမုန်းလနှင့် နတ်တော်လတို့တွင် စတင်စိုက်ပျိုးကြပြီး တပို့တွဲလတွင် ရိတ်သိမ်းရကြောင်း၊ ယခင်နှစ်တွင်ကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၁၈၀၀၀၀)ခန့်ကုန်ကျပြီး ယခုနှစ်တွင်မူ လုပ်အားခ၊ မြေထွန်ယက်ခနှင့် အခြားသွင်းအားစုစရိတ်များအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၅၀၀၀၀) ကုန်ကျကြောင်း၊ ယခင်နှစ်တွင် အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၅)တင်းအထိထွက်ရှိပြီး ဈေးနှုန်းမှာ (၁)တင်းလျှင် အမြင့်ဆုံးဈေး ကျပ်(၉၅၀၀၀)အထိရရှိကြောင်း၊ ထွက်ရှိသောကုလားပဲများကို အထက်မင်းလှမြို့ရှိပွဲရုံများတွင် ရောင်းချကြောင်း၊ ယခုနှစ်တွင်မှု ကုလားပဲအထွက်နှုန်းကိုမသိရှိသေးကြောင်း အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၆)ရပ်ကွက်နေ ကုလားပဲစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းအေးထံမှသိရှိရပါသည်။  

DOCA(မကွေး)