Main menu

အောင်လံမြို့နယ်၏ ဝါသီးနှံဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊  အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ဝါသီးနှံမျိုးများဖြစ်သည့် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ RAKA/ဥဇဘက်/ B-31တို့ကို စုစုပေါင်း ၂၃၀၆၂ဧကစိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

   ၂၀၂၃ခုနှစ် ဩဂုတ်လတွင် ဝါစတင်စိုက်ပျိုးခဲ့ပြီး  ဒီဇင်ဘာလတွင် ဝါများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ  ဝါ()ပိဿာလျှင် ကျပ်(၀၀)ဖြင့် ဆင်ပေါင်ဝဲမြို့နယ်နှင့် အောင်လံမြို့နယ်များမှ (၁)ရက်လျှင် ပျမ်းမျှဝါပိဿာချိန်(၃၀၀၀၀ မှ ၄၀၀၀၀) ပိဿာအထိ အောင်လံမြို့ပေါ်ရှိပွဲရုံများသို့ ဝင်ရောက်လျက်ရှိပါသည်။ ဝါ(၁)ပိဿာကြိတ်ခွဲလျှင် ဝါစေ့မှာ အောက်တန်း(၆၀)ကျပ်သားခန့်နှင့် ဝါဂွမ်းအောက်တန်း(၀.၃၃) ကျပ်သားခန့်ထွက်ရှိကြောင်း၊  နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ဝါစေ့ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ် (၁၁၀၀)ခန့်နှင့်   ဝါဂွမ်းဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၈၀၀၀)ခန့်ရရှိကြောင်း၊  ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် ဝါစေ့ဈေးနှုန်းမှာ ကျပ်(၁၂၀၀-၁၂၅၀)နှင့် ဝါဂွမ်းဈေးနှုန်းမှာ ကျပ်(၈၅၀၀-၈၇၀၀) ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝါတင်ပို့မှုအနေဖြင့် မန္တလေး၊ မိတ္ထီလာ၊ ရွှေတောင်မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံမြို့ပေါ်ရှိ ပွဲရုံများမှသိရှိရပါသည်။

DOCA(မကွေး)