Main menu

ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်သည် ပြည်တွင်းတစ်နိုင်တစ်ပိုင်မြေပဲဆုံဆီလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် (၂၆-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မြေပဲဆုံဆီဈေးနှုန်း/ဈေးကွက်၊ ထုတ်လုပ်နိုင်မှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

     မြေပဲဆုံဆီများကို ယခင်ထက်ပို၍ ကြိတ်ခွဲရကြောင်း၊ ဆုံကြိတ်သည့်အိမ်သို့လာရောက်၍ မြေပဲဆံကိုဝယ်၍ ကြိတ်ခွဲသူများရှိကြသည့်အပြင် မြေပဲဆံကို ဈေးကွက်ပေါက်ဈေးအတိုင်းရောင်းချပေးပြီး ကြိတ်ခွဲရသည်များလည်းရှိကြောင်း၊ ယခင်နှစ်များ၌ မြေပဲဆုံဆီကြိတ်ခွဲနှုန်းနည်းပါးပြီး ယခုနှစ်၌ လျှပ်စစ်မီးလာသည့်အချိန်တိုင်း ကြိတ်ခွဲရကြောင်း၊ (၁)ဆုံကြိတ်ခွဲလျှင် (၁)နာရီ (သို့မဟုတ်) (၀၁:၃၀)နာရီခန့်ကြိတ်ခွဲရကြောင်း၊ မြေပဲအမျိုးအစားပေါ်မူတည်၍ ကြိတ်ခွဲချိန်မတူညီကြောင်း၊ အမှာရှိသောအခါ ညအချိန်လျှပ်စစ်မီးလာချိန်တွင် ကြိတ်ခွဲရကြောင်း၊ ဆီကြိတ်ခွဲခအနေဖြင့် (၅)ပိဿာဝင်(၁)ဆုံလျှင် ကျပ်(၁၅၀၀)ယူပြီး မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ပေါ်နှင့် မုံရွာ၊ မိုးကုတ်၊ ရန်ကုန်မြို့ကို အဓိကထားတင်ပို့ရောင်းချကြောင်း၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၂၁၀၀)ဖြင့် တိရစ္ဆာန်စာအဖြစ် အိမ်တိုင်အရောက် လာရောက်ဝယ်ယူကြကြောင်း မြေပဲဆုံဆီလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

  မြေပဲဆုံဆီကို ကုန်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ပြည့်စုံစွာထည့်သွင်းရမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်ကို ပြသရာတွင် ပြည့်စုံမှုမရှိသေးသဖြင့် ထပ်မံဖော်ပြရမည့်အချက်များကို ချပြရှင်းလင်းခဲ့ပြီးနောက် ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ပြည့်စုံမှုရှိပါက ကုန်အမှတ်တံဆိပ်နမူနာများနှင့်တကွ စိစစ်အတည်ပြုပေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)