Main menu

ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းဆောင်းပဲသစ်များ ဝင်ရောက်မှုများလာပြီး ပဲဈေးနှုန်း မြင့်တက်လာ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ နေ့စဉ် ဝင်ရောက်လာပြီး အထွက် လှိုင်လာပြီဖြစ်လို့ တစ်ရက်လျှင် အိတ်ရေ ၇၀၀/၈၀၀ ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့ပါသည်။ ပြည်အနီးတစ်ဝိုက် ဒေသများမှ ဝင်ရောက်ခြင်းဖြစ်သလို ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှလည်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်းသမား အဓိက ဝယ်ယူမှုရှိကာ တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက်များလည်း ဝယ်ယူမှုရှိကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ပဲတစ်တင်း ၆၄၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်မှုဖြစ်ကြပါသည်။ ယခုနှစ် ကုန်ပိုင်းကာလတွင် ပဲဈေးကွက်အတွင်း ပဲသီးနှံအားလုံးလိုလို ဈေးကောင်းရနေတာကြောင့် ပဲတီစိမ်းသီးနှံသည်လည်း အခြားပဲများနည်းတူ ဈေးမြင့်တက်လာခဲ့ပါသည်။ ပဲသစ်စဝင်ချိန်ကာလ ပဲတစ်တင်း ၅၄၀၀၀  ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခုလမှာ တစ်တင်း ကျပ် ၁သောင်းကျော်အထိ မြင့်တက်လာခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် မတ်ပဲ၊ကုလားပဲ သီးနှံများကဲ့သို့ တစ်နှစ်တာကာလပတ်လုံး ဈေးကွက်အတွင်း ရောင်းဝယ်နေခြင်းမဟုတ်ဘဲ ပဲထွက်ပေါ်ချိန် ကာလတွင်သာ ရောင်းဝယ်မှုအဖြစ် များတဲ့သီးနှံဖြစ်ပါသည်။ ပဲတီစိမ်းသီးနှံအား ပြည်ခရိုင်တွင် မိုးပဲနှင့်  ဆောင်းပဲ  ၂ ရာသီ ထွက်ပေါ်ကြောင်း သိရပါပြီး မိုးပဲတီစိမ်းသီးနှံမှာ ဈေးကွက်သို့ ဇူလိုင်၊ ဩဂုတ်လများတွင် ဝင်ရောက်ခဲ့ကာ ဆောင်းပဲတီစိမ်းသီးနှံကတော့ နိုဝင်ဘာ၊ဒီဇင်ဘာလများတွင် အများအပြား ဝင်ရောက်မှုရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)