Main menu

ပြည်ဘိုကိတ်ပဲသစ်များ ပဲဈေးကွက်သို့ ဝင်ရောက်မှုများလာပြီး လက်လီ/ကားရောင်းဝယ်မှုဖြစ်နေ

Powered by Drupal

    ပြည်ပဲမျိုးစုံဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ ဆက်လက် ဝင်ရောက်လာပြီဖြစ်ပါသည်။ ပြည်အနီးတစ်ဝိုက် ဒေသများအပြင် ပေါင်းတလည်၊ ပေါက်ခေါင်းဒေသများမှလည်း ဝင်ရောက်ခဲ့ပါသည်။ တစ်ရက်လျှင် အိတ် ၂၀၀ /၃၀၀ ကျော် ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်း လက်လီ/ လက်ကား သမားများအပြင် ရန်ကုန်ဝယ်လက်များလည်း လက်ကားဝယ်ယူမှု့ ရှိခဲ့တာကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးမှာ တစ်တင်း ၇၂၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြ သည့်အတွက် ပဲသစ်ပေါ်စ အဖွင့်ဈေးထက် ဈေးပိုလာခဲ့ပါသည်။ ပဲသစ်ပေါ်စအချိန် အဖွင့်ဈေးမှာ တစ်တင်း ၆၈၀၀၀ ကျပ် သာရရှိခဲ့လို့ နှစ်ကုန်ပိုင်းကာလတွင် ပဲဈေးနှုန်းမှာ အဖွင့်ဈေးထက် ဈေးပိုလာခဲ့ပါသည်။ ယခင်နှစ်က ဘိုကိတ်ပဲသီးနှံတစ်တင်း ကျပ် ၅ သောင်း အောက်သာရရှိခဲ့လို့ ပဲဈေးကွက်မှာလည်း ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ်ခဲ့သည့် ပဲသီးနှံသည် ယခုနှစ်မှာတော့ ဈေးနှုန်းများ မြင့်တက်လာတာကြောင့် ပြည်ပဝယ်လက် ပဲတီစိမ်းသီးနှံဈေးထက်ပင် ဈေးပိုရနေခဲ့ကြောင်း သိရပါသည်။

 

DOCA(ပဲခူး)