Main menu

ပြည်ခရိုင်အတွင်းရှိ ကြံကြိတ်ဝါးထုတ်လုပ်နေမှုအခြေအနေ

Powered by Drupal

    ပြည်ခရိုင်အတွင်း ကြံသီးနှံကို မြို့နယ်အားလုံး၌စိုက်ပျိုးကြပြီး ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အများဆုံစိုက်ပျိုးလျက်ရှိရာ ယခင်နှစ်တွင် ကြံသီးနှံ(ခင်းသစ်) ၂၀၄၉၈ဧက၊ (လမိုင်း) ၇၃၄၀ဧက၊ စုစုပေါင်း (၂၇၈၃၈)ဧကစိုက်ပျိုးခဲ့ပြီး ပျမ်းမျှအထွက်နှုန်း (၂၃) တန်ထွက်ရှိခဲ့ပါသည်။ ယခုနှစ်တွင်မူ (ခင်းသစ်) ၂၀၉၀၅ဧက၊ (လမိုင်း) ၇၄၃၀ဧက၊ စုစုပေါင်း (၂၈၃၃၅) ဧကစိုက်ပျိုးခဲ့ရာ ပျမ်းမျှအထွက်နှုန်း (၂၉.၉၅)တန်ရှိကြောင်းသိရှိရပါသည်။

      ပြည်ခရိုင်တွင် ပြည်မြို့နယ်၊ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွသကြားဟူ၍ စက်(၂)စက်ရှိပါသည်။ ယခင်နှစ်တွင် သကြားစက်လုပ်ငန်းရှင်များအနေဖြင့် ကြံတစ်တန်လျှင် စက်အရောက်ဈေး ၇၅၀၀၀ကျပ်ဈေးပေး၍ ဝယ်ယူလျက်ရှိခဲ့ပါသည်။ ယခုနှစ်တွင်မူ စက်ရုံအရောက်ဈေးမှာ ကြံတစ်တန်လျှင် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးကောင်းပေး၍ ဝယ်ယူလျက်ရှိပါသည်။ နဝဒေးသကြားစက်အနေဖြင့် ယခုနှစ်တွင် ကြံကြိတ်ဝါးရန် ကြံတန်ချိန် ၂၀၀၀၀၀တန်ခန့်ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် ၁၄၀၀၀တန်ခန့်၊ အင်ငါးခွသကြားစက်အနေဖြင့် ၁၃၅၀၀၀တန်ခန့် ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန် ၁၀၈၀၀တန်ခန့်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

     ပြည်ခရိုင်အတွင်းရှိ ကြံစိုက်တောင်သူများအနေဖြင့် ခုတ်သိမ်းပြီးသောသကြားများကို သကြားစက်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိရာ သကြားစက်များအနေဖြင့် ယခင်နှစ်ထက် ဈေးမြှင့်ဝယ်ယူလျက်ရှိသောကြောင့် တောင်သူများအကျိုးအမြတ်ပိုမိုရရှိလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)