ပြည်ကုန်စည်ဒိုင်သည် ပြည်ခရိုင်၊ ပြည်မြို့တွင်ရှိသောကြောင့် အချက်အခြာကျသော မြို့တစ်မြို့ဖြစ်ပြီး ပဲအရောင်းအဝယ်လည်းကောင်းမွန်ကြောင်းသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်နေသောပဲများမှာ မတ်ပဲ ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ် နှင့်စားတော်ပဲတို့ဖြစ်ပါသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၏ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် (၉၃၅၀၀-၉၄၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၀၀/၁၀၀ခန့်ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၅၅၀၀၀-၅၆၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်၌ ပဲတစ်တင်းလျှင် (၃၈၅၀၀-၃၈၀၀၀) ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ်ဒီဇင်ဘာလ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၅၀၀ကျပ်၊ ယခင်နှစ် ယခုကဲ့သို့အချိန်မျိုးတွင် မတ်ပဲတစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပဲတစ်တင်းကို ၃၇၅၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ်တွင် အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကို အိတ် (၁၅၀/၂၀၀) ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။
ပဲတီစိမ်း
ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၂၅၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၅၀၀/ ၆၀၀) ခန့်အဝယ်ရှိပါသည်။ ယခုနှစ်တွင် ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းကို ၁၆၅၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၂၀၀၀ကျပ်ဖြင့် မန္တလေး၊ ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀၀/၆၀၀) ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ယခုကဲ့သို့အချိန်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ်တွင် ပဲတီစိမ်းတစ်တင်းကို ၁၆၀၀၀ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။
ကုလားပဲ
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို (၉၃၀၀၀-၉၃၅၀၀) ကျပ် ဖြင့်တစ်ရက်ကို မြို့တွင်းအဝယ် အိတ် (၃၀၀/၄၀၀) ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၆၂၀၀၀ကျပ်ခန့်ရှိပြီး၊ ယခုနှစ်တွင် ကုလားပဲတစ်တင်းကို (၃၁၅၀၀-၃၂၀၀၀) ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၉၄၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ် (၄၀၀/၅၀၀) ခန့်ရှိခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၆၄၀၀၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ယခုနှစ်ကုလားပဲဟော်လန်ဈေးမှာ တစ်တင်းကို ၃၀၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။
ပဲကြီး
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် (၂၅၀/၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၇၀၀၀၀ကျပ်ခန့်ရှိပြီး ယခုနှစ်ပဲတစ်တင်းကို ၆၀၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၈၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ် (၄၀၀/၅၀၀)ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၇၀၀၀၀ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ်၌ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၅၈၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။
စားတော်ပဲ
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀ခန့်ရှိပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို ၁၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀ခန့်ရှိပါသည်။ ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၌ ပဲတစ်တင်းကို ၈၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၁၂၀၀၀ကျပ်ရှိပြီး ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၅၀/၆၀) ခန့်ရှိခဲ့ပါသည်။ ပဲတစ်တင်းကို ၈၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။
ဘိုကိတ်
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၆၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀/၁၀၀) ခန့်ရှိပါသည်။ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ်တွင် ပဲတစ်တင်းကို ၃၇၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။ ယခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀/၁၀၀) ခန့်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် ပဲတစ်တင်းကို ၃၂၀၀၀ကျပ်ခန့်ဈေးပိုရခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်ဈေးနှုန်းနှင့် ယခုနှစ် ကာလတူအချိန် ပဲဈေးများကိုနှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးနှုန်းများမှာ ပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်လည်းပိုကောင်းကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)