Main menu

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည် ရေတာရှည်မြို့၊ ရွှေပြည်သစ်မုန့်ဖတ်ခြောက်လုပ်ငန်းအား လေ့လာ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးမှူး ဦးဇေယျာဆွေသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ တောင်နန်ချွန်ကျေးရွာရှိ ရွှေပြည်သစ်မုန့်ဖတ်ခြောက်လုပ်ငန်းသို့သွားရောက်လေ့လာရာ လုပ်ငန်းရှင် ဦးသောင်းဝင်းထွန်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

     တိုင်းဒေသကြီးဦးစီးမှူးသည် စက်ရုံတွင် စပါးခွံဓါတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant) တပ်ဆင်ထားမှုကို ကြည့်ရှုလေ့လာခဲ့ပါသည်။ ဆက်လက်၍ မုန့်ဖတ်ခြောက်ထုတ်လုပ်ပုံအဆင့်ဆင့်၊ မုန့်ဖတ်ခြောက်များကိုနေလှန်းခြင်း၊ အပူပေးခန်းအတွင်း အပူပေးအခြောက်ခံစနစ်ထားရှိခြင်းနှင့် ထုပ်ပိုးမှုများကို လေ့လာကြည့်ရှုခဲ့ပါသည်။

      ၎င်းနောက် တိုင်းဒေသကြီးဦးစီးမှူးသည် ပြည်တွင်းဈေးကွက်မှ ပြည်ပဈေးကွက်အထိ ထုပ်ပိုးပုံစံ (Packing) ကောင်းမွန်မှုစနစ်ဖြင့် ဈေးကွက်သို့ထိုးဖောက်နိုင်ရေးနှင့် MSMEs ချေးငွေရရှိရေးတို့ကို လုပ်ငန်းရှင်ဆွေးနွေးခဲ့ပြီးနောက် ထုပ်ပိုးမှုစနစ်မြှင့်တင်ရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  (FDA) ၏ ထောက်ခံချက်လက်မှတ်ရရှိရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)