Main menu

တောင်ငူမြို့၏ သခွားမသီးဈေးကွက်

Powered by Drupal

     တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် သခွားမသီးများကို စတင်ရောင်းချနေပြီဖြစ်ပါသည်။ တောင်ငူမြို့နယ်၊ ဇီးပင်သာကျေးရွာ၌ာ သခွားမသီးများပေါ်နေပြီဖြစ်ရာ ာ၎င်းကို ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များက မှာယူရောင်းချကြပါသည်။

       သခွားမသီးအကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၁၅၀၀ကျပ်နှင့် အသေးတစ်လုံးလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဖြစ်ပါသည်။ ထိခိုက်ပွန်းပဲ့သော်လည်း လောလော ဆယ်စား၍ရသည့် အသီးများကို တစ်လုံးလျှင် ၃၀၀ကျပ်မှ ၅၀၀ကျပ်အထိဖြင့်ရောင်းချပါသည်။

        သခွားမသီးတွင် အကျွတ်သီးနှင့် အမွတ်သီးသီးဟူ၍နှစ်မျိုးရှိပြီး ၎င်းကို ဖျော်ရည်ဖျော်၍သော်လည်းကာင်း၊ သားရေစာအဖြစ်သော်လည်းကောင်း စားသုံးကြကြောင်းသိရပါသည်။

DOCA(ပဲခူး)