Main menu

တောင်ငူမြို့နယ်တွင် ယခုနှစ်၌ မိုးစပါးအထွက်တိုး

Powered by Drupal

     တောင်ငူမြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၅၈၀၆၄ဧကစိုက်ပျိုးထားရှိရာ ယခုအခါတွင် စိုက်ဧကအားလုံးကို ရိတ်သိမ်းချွေလှေ့ပြီးစီးပြီးဖြစ်ပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုလည်းနည်းပါးသဖြင့် ယခင်နှစ်ထက် စပါးအထွက်နှုန်းပိုလာခဲ့ပါသည်။

     တစ်ဧကလျှင် ပျှမ်းမျှအားဖြင့် ၉၂.၄၈တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများမှသိရှိရပါသဖြင့် စပါးတင်း ၅၃၆၉၇၈၂တင်းခန့်ထွက်ရှိမည်ဖြစ်ပါသည်။ ယခင်နှစ်တွင် တစ်ဧကလျှင် ပျမ်းမျှအားဖြင့် ၈၀.၀၁တင်းသာထွက်ရှိသဖြင့် ယခုနှစ်တွင် တောင်ငူမြို့နယ်၌ စပါး ၇၂၆၂၈၃တင်းခန့်အထွက်ပိုခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)