Main menu

ဖြူးမြို့နယ်၊ ဇေယျဝတီသကြားစက်မှ ကြံများကြိတ်ဝါး၍ သကြားထုတ်လုပ်

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီသကြားစက်မှာ နိုဝင်ဘာလကုန်ပိုင်းမှစ၍ ကြံများစတင်ဝယ်ယူ၍ လည်ပတ်နေပြီဖြစ်ပါသည်။ ယခုနှစ်တွင် ဇေယျဝတီသကြားစက်မှ ကြံတန်ချိန် ၆၀၀၀၀ကြိတ်ရန် လျာထားဆောင်ရွက်ထားပါသည်။ ကြံတစ်တန်လျှင် စက်ရုံအရောက် ၁၂၅၀၀၀ကျပ်ဖြင့်ဝယ်ယူပါသည်။

    ကြံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်တစ်ဧကလျှင် ကျပ်၇၀၀၀၀၀ထုတ်ချေးထားပါသည်။ သို့ရာတွင် သွင်းအားစုဈေးနှုန်းမြင့်တက်ခြင်း၊ လုပ်သားခမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင် စရိတ်မြင့်တက်ခြင်း စသည်တို့ကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း ကြံစိုက်တောင်သူများထံမှသိရပါသည်။

      ကြံတစ်တန်လျှင် သကြား ၅၅ပိဿာမှ ၆၀ပိဿာအထိထွက်ရှိကြောင်းသိရပါသည်။ သို့ဖြစ်ရာ လျာထားချက်အတိုင်း ကြိတ်ခွဲနိုင်ပါက ဖြူးမြို့၊ ဇေယျဝတီသကြားစက်အနေဖြင့် သကြားတန်ချိန် ၅၅၀၀ခန့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)