Main menu

မော်လမြိုင်မြို့၌ စားသောက်ကုန်စည်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းတွင် ပြည်နယ်ဦးစီးမှူးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့

Powered by Drupal

   ၁.၁.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ မော်လမြိုင်နည်းပညာတက္ကသိုလ်တို့၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားသောက်ကုန်စည်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

  ထိုသို့ရောင်းချပေးရာတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူလူထုများအနေဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ပုဇွန်၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အဆိုပါရောင်းချနေရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိရသည်။

  အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချရာတွင် ဆန် တစ်ပြည်လျှင် (ပေါ်ဆန်း) (၄၉၅၀) ကျပ်၊ (ဧည့်မထ) (၂၈၅၀) ကျပ်၊ ဆီ တစ်ပိဿာလျှင် (၅၇၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၈၅၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)