Main menu

“ တစ်ပတ်အတွင်း စားအုန်းဆီထုတ်ပေးမှုအခြေအနေ ” (၂၆-၁၂-၂၀၂၃)ရက်နေ့မှ (၃၀-၁၂-၂၀၂၃)ရက်နေ့အထိ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး/ ပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီများကို နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂) ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေးနှင့် ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၆-၁၂-၂၀၂၃) ရက်နေ့မှ (၃၀-၁၂-၂၀၂၃) ရက်နေ့အထိ ဆီကုမ္ပဏီ (၁၆) ခုနှင့် စားအုန်းဆီတန်ချိန် (၂၇၃၀.၃၂၁) တန်ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)