Main menu

“တောင်သူများ စျေးကောင်းရရှိနေသောထိုင်ဝမ်ဇီးသီး”

Powered by Drupal

    ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအဓိကထား လုပ်ကိုင်ကြသော်လည်း ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဇီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း ယာမြေနှင့် ဥယျာဉ်ခြံမြေများတွင် အများအပြားစိုက်ပျိုးလာကြပါသည်။ ဇီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးကြပြီး အလုံးကြီးပြီး အရည်အသွေးကောင်းမွန်၍ အရသာရှိသော ထိုင်ဝမ်ဇီးသီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးလာကြပါသည်။ ဇီးပင် စိုက်ပျိုး ရာတွင် တစ်ပင် နှင့် တစ်ပင် (၁၅)ပေခြား စိုက်ပျိုးကြကြောင်း ၊ တစ်ဧက ပျိုးပင်(၁၀၀)စိုက်ပျိုးရပြီး စတင် စိုက်ပျိုးသည့်အချိန်မှ(၂-၃)နှစ်ခန့်အကြာတွင် ဇီးသီးများ စတင်ခူးခွတ်ရပါသည် ။ ထိုင်ဝမ်ဇီးသီးများသည် နိုဝင်ဘာလတွင် စတင်ထွက်ရှိပြီး ယခုအချိန်တွင် လှိုင်လှိုင် ထွက်ပေါ်နေပြီဖြစ်ကြောင်း ၊ ထိုင်ဝမ်ဇီးသီး ပေါ်ဦးပေါ်စအချိန်တွင် စျေးကောင်းများရရှိပြီး ယခု လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဖောက်သည်ဈေးအနေဖြင့် ဇီးသီး(၁၀)ပြည်ပါ တစ်ဖာလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ (၁၈၀၀၀ မှ ၂၀၀၀ဝိ/-)ကျပ်အထိဈေးရှိပြီး လက်လီဈေးနှုန်းအနေဖြင့် ထိုင်ဝမ်းဇီးသီးတစ်ပြည်လျှင် အလုံးကြီး(၂၀၀ဝိ/-)ကျပ် ၊ အလုံးသေး(၁၅၀ဝိ/-)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း ၊ တစ်ပတ် ခူးဆွတ်မှုအနေဖြင့် (၁၀)ပြည်ပါ ဖာ(၂၅ မှ ၃၀)အထိရရှိပြီး ယိုစုံလုပ်ငန်းရှင်များမှာလည်း ဇီးခြံအထိ လာရောက်၍ဝယ်ယူလျက်ရှိကြောင်း ၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်သောကြောင့် ထိုင်ဝမ်ဇီးသီးများ  အရည်အသွေးလှ၍ အလုံးကြီးပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် အရောင်းအဝယ်သွက်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် အထွက်နှုန်းနှင့် စျေးနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်များရရှိကြောင်းကို ဇီးသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)