Main menu

သရက်မြို့နယ်မှထွက်ရှိသည့် ငရုတ်သီးရှည်(အစို)နှင့် ကြာကွက်သီး(ခ)ယာခရမ်းချည်သီး ဈေးနှုန်း/ဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပတ်ဝန်းကျင်ကမ်းနားကျေးရွာများဖြစ်သော ညောင်ရွာလေး၊ ညောင်ရွာကြီး၊ ရွာသစ်ကြီး၊ အုတ်ဖို၊ ဆင်သေ၊ လင်းကျောင်း၊ ကြာကန်၊ လက်ပံဆိပ်၊ ဆင်တဲ စသည့်ကျေးရွာများမှထွက်ရှိသည့် ငရုတ်သီးရှည်(အစို)များမှာ စတင်ပေါ် ထွက်ချိန် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် လက်လီ(၂၅)ကျပ်သားလျှင်  ကျပ်(၁၂၀၀)၊ လက်ကားတစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဈေးနှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ငရုတ်သီးရှည် (အစို) များလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ လက်လီ(၂၅) ကျပ်သားလျှင် ကျပ်(၁၀၀၀)၊ လက်ကားဈေးတစ်ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)အထိရောင်းချရကြောင်း၊ ၎င်းသီးနှံများကို အရှေ့ဘက်ခြမ်းရှိ အောင်လံမြို့သို့ မော်တော်ကားဖြင့်ပို့ဆောင်၍ ရောင်းချရကြောင်း၊ သရက်မြို့၊ မြို့မဈေး၊ အနောက်အခွန်လွတ်ဈေးတို့တွင်လည်း လက်လီ/ လက်ကားရောင်းချရကြောင်း၊ မြို့မဈေး၌ ဈေးရောင်းချသူ ဒေါ်ဂျမ်းထံမှသိရပါသည်။

  ၎င်းကျေးရွာများမှ ကြာကွက်သီး (ခေါ်) ယာခရမ်းချည်သီးများလည်းပေါ်ထွက်လျက်ရှိရာ ဒီဇင်ဘာလ(တတိယပတ်)တွင် ခရမ်းချည်သီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၈၀၀)ဈေးနှုန်းဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ခရမ်းချည်သီးများလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ တစ်ပိဿာလျှင် အကြီး/ အသေးအမျိုးအစားပေါ်မူတည်၍ ကျပ်(၂၀၀၀မှ ၁၈၀၀)ဈေးနှုန်းဖြင့် မြို့မစည်ပင်ဈေးနှင့် အနောက်အခွန်လွတ်ဈေးများသို့ တစ်နေ့လျှင် ပိဿာချိန် (၇၀မှ ၉၀)ခန့် လက်လီ/ လက်ကားရောင်းချရကြောင်း ဈေးရောင်းချသူ ဆင်တဲကျေးရွာမှ ဒေါ်မြင့်စိန်ထံမှသိရပါသည်။

DOCA(မကွေး)