Main menu

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

Powered by Drupal

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမြှင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

   မုံရွာမြို့၏ ဇန်နဝါရီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါး(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀ မှ ၃၀၀၀၀၀၀ ထိ၊ ဧရာမင်းစပါး(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃၅၀၀၀၀၀ မှ ၃၆၀၀၀၀၀ ထိ၊ ဧရာမင်းဆန်(သစ်)  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ထိ၊ ဧရာမင်းဆန်(ဟောင်း)  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၃၅၀၀၀ မှ ၁၄၀၀၀၀ ထိ၊ မနောသုခစပါး(သစ်)တင် ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ မနောသုခစပါး(ဟောင်း)တင် ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊ မနောသုခဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ ထိ၊  မနောသုခဆန်(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ မှ ၁၀၀၀၀၀ ထိ၊  ပေါ်ဆန်းစပါး(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃၃၀၀၀၀၀ မှ ၃၄၀၀၀၀၀ ထိ၊  ပေါ်ဆန်းစပါး (ဟောင်း) တင်း ၁၀၀ လျှင်  ၃၄၀၀၀၀၀ မှ ၃၅၀၀၀၀၀ ထိ၊ ပေါ်ဆန်းဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ မှ ၁၂၅၀၀၀ ထိ၊ ပေါ်ဆန်းဆန်(ဟောင်း)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၅၀၀၀ မှ ၁၅၅၀၀၀ ထိ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

   ယခင်လ ဒီဇင်ဘာလ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများ နှင့် ယခုလ ဇန်နဝါရီလ ပထမအပတ် ဈေးနှုန်းများနှိုင်းယှဉ်လျှင် ဧရာမင်းစပါး (သစ်)တင်း ၁၀၀ လျှင် ကျပ် ၈၀၀၀၀၀၊ ဧရာမင်းစပါး(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၊ ဧရာမင်းဆန်(သစ်)  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၄၀၀၀၀၊ ဧရာမင်းဆန်(ဟောင်း)  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၅၀၀၀၀၊ မနော သုခစပါး(သစ်)တင်း ၁၀၀ လျှင် ကျပ် ၄၀၀၀၀၀၊ မနောသုခစပါး(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၇၀၀၀၀၀၊ မနောသုခဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၊  မနောသုခဆန်(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၊ ပေါ်ဆန်းဆန်(ဟောင်း)၂၄ ပြည် ပါတစ်အိတ်လျှင် ကျပ် ၅၀၀၀ ထိ  မြှင့်တက်လျက်ရှိပြီး ကျန်စပါး/ဆန် ဈေးနှုန်းများကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)