Main menu

မုံရွာမြို့နယ်အတွင်း၌ ကျောက်စိမ်းငရုတ်သီးများ ဈေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးနှံကို အများဆုံးစိုက်ပျိုးကြပြီး ငရုတ်သီးစိမ်းများ ဈေးကောင်းရရှိနေကြောင်း၊ မုံရွာမြို့နယ်အတွင်းစိုက်ပျိုးသော ငရုတ်သီးမျိုးမှာ ကျောက်စိမ်းငရုတ်သီးမျိုးဖြစ်ပြီး ဒေသတွင်း လက်လီ/ လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိရာ မုံရွာမြို့ရှိပွဲရုံများမှတစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရသည်။

    ကျောက်စိမ်းငရုတ်သီးဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ပွဲရုံလက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀) နှုန်းဖြင့်လည်းကောင်း၊ လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၂၀၀၀-၂၈၀၀) နှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မုံရွာမြို့နယ်အတွင်း ကျောက်စိမ်းငရုတ်သီးစိုက်ပျိုးတောင်သူများအနေဖြင့် ငရုတ်သီးဈေးကောင်းရရှိကာ အကျိုးအမြတ်ရရှိ၍ အဆင်ပြေနေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)