Main menu

“ဈေးကောင်းနေဆဲ မိုးကြက်သွန်နီ” 

Powered by Drupal

   မိတ္ထီလာခရိုင်အတွင်း မိုးကြက်သွန်နီ စိုက်ပျိုးမှုနည်းသော်လည်း ဈေးကောင်းရကြောင်း သိရသည်။ မိုးကြက်သွန်နီကို ဥသေးလေးများဖြင့် တစ်ဧကလျှင် ပိဿာ (၄၀၀) စိုက်ပျိုးရပါသည်။ ယခုနှစ် မျိုးဥဈေးမှာ တစ်ပိဿာ (၂၀၀၀)ကျပ် ရှိခဲ့ပြီး မြေဩဇာ၊ လုပ်သားခများမှာလည်း မြင့်တက်လာခဲ့ပါသည်။ သို့သော်လည်း ကြက်သွန်နီဈေးအနေနှင့် မြစ်သားမျိုးတစ်ပိဿာ (၂၈၀၀) ကျပ်ထက် ကျော်လွန်၍ (၂၉၀၀) ကျပ် ထိဈေးကောင်းရကြောင်းသိရသည်။ မိုးကြက်သွန်နီမှာ စိုက်ပျိုးမှုနည်းသဖြင့် နယ်ဝေးတင်ပို့ရာ၌ ဒီဇင်ဘာလပထမပတ်အတွင်း ရန်ကုန်သို့ (၁၂) ဘီးကားဖြင့်လည်းကောင်း၊ ပဲခူးသို့ (၆) ဘီးကားဖြင့် အခြားကုန်များနှင့်ရော၍လည်းကောင်း တင်ပို့နိုင်ကြောင်း သိရသည်။

DOCA(မန္တလေး)