Main menu

မုံရွာမြို့နယ်တွင် ဆီးပန်းသီးများ ခူးဆွတ်ရောင်းချလျက်ရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ သက္ကယ်ချင်း၊ လယ်ဇင်၊ ပုလ္လင်၊ ဇီးကျွန်းနှင့် မအူကျေးရွာများ၌ ဆီးပန်းသီးပင်များကို အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။ တစ်ဧကလျှင် ၁၅ပေပတ်လည်အကျယ်ဖြင့် အပင်၁၀၀ခန့်စိုက်ပျိုးနိုင်ပြီး ဇွန်လနှင့် ဇူလိုင်လတို့မှစတင်၍ ဆီးပန်းသီးကိုင်းကူးပျိုးပင်တစ်ပင်လျှင် ငွေကျပ်၄၀၀နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးကာ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ တို့တွင် ဆီးပန်းသီးပင်များကို ခူးဆွတ်ရောင်းချကြကြောင်းသိရသည်။ ဆီးပန်းသီးတစ်ဧကအတွက်  တစ်နေ့လျှင် ဆီးပန်းသီး ပြည်၆၀ကျော် (လေးတင်းခန့်)ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည်လျှင် ငွေကျပ်၂၀၀၀နှုန်း၊ လက်ရွေးတစ်ဖာလျှင် ငွေကျပ်၂၀၀၀၀နှုန်းဖြင့် မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်တွင် ဆိုင်များဖွင့်လှစ်ရောင်းချခြင်းနှင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ မြေပြုပြင်ခြင်း၊ မြေဩဇာနှင့် လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ်၁၁သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဆီးပန်းသီးထွက်ရှိမှုနှုန်း ပြည်၂၀၀၀ကျော်ခန့်ထွက်ရှိရာ ဝင်ငွေအနေဖြင့် ငွေကျပ်၂၀သိန်းခန့်ရရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ်ကိုးသိန်းခန့်ရရှိကာ တွက်ချေကိုက်၍ အဆင်ပြေနေကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)