Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်၁၁၅၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၀၀၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၄၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၇၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယဖြစ်နေ ကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ ဇန်နဝါရီလ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၃၀၀၊ မွန်သို့ အိတ်ရေ ၃၅၀၀၊ ကချင်သို့ အိတ်‌ရေ ၃၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀ စုစုပေါင်း အိတ်ရေ (၄၉၀၀၀) အိတ်၊ တန်အား ဖြင့် (၂၄၅၀) စီးထွက်ခဲ့ပြီး ယခု  ဇန်နဝါရီလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၄၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၄၉၀၀၊ ကချင်သို့ အိတ်‌ရေ ၂၀၀၀၊ စုစုပေါင်း အိတ်ရေ (၅၉၇၀၀) အိတ်၊ တန်အားဖြင့် (၂၉၈၅) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၀၇၀၀) အိတ်၊ တန်အားဖြင့် ( ၅၃၅ )ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။        

DOCA(စစ်ကိုင်း)