ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကို မအူပင်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူအခွင့်များအပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိရန်၊ စားသုံးသောအစားအသောက်ကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက မအူပင်ခရိုင်ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မအူပင်မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်(၁၅)ဦးတက်ရောက်ခဲ့ကြပြီး ဌာနမှ အသိပညာပေးဟောပြောခြင်းများနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)