Main menu

စက်သုံးဆီဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

  မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအနက် စက်သုံးဆီအရောင်းဆိုင်(၇)ဆိုင်သို့   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဦးဆောင်၍  မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီသိုလှောင်ကန်များထားရှိမှုအခြေအနေ၊ မီးသတ်ပစ္စည်းကိရိယာများတပ်ဆင်ထားရှိမှုအခြေအနေ၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း/ ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊   PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ အချင်အတွယ်မှန်ကန်စွာရောင်းချနိုင် ရေးအတွက်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)