Main menu

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

 မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှတင်သွင်းရပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့မှ (၉)ရက်နေ့အတွင်း ယခင်အပတ်ထက် စပါးဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၁၀၀၀)၊ ဧည့်မထနွေ/မိုး(၁)တင်းလျှင်  ကျပ် (၂၀၀၀)၊ မကွေးခရိုင်တွင် ဆန် ပေါ်ဆန်းမွှေး(၂၄)ပြည်ပါ(၁)အိတ်လျှင် ကျပ်(၁၆၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၇၀၀၀)၊ ရတနာတိုးတစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၅၀၀၀)၊ သရက်ရိုင်တွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၅၀၀၀)၊ ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၁၀၀၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်းသိရှိရပါသည်။ ဆန်၊ စပါးဈေးနှုန်းများမှာ ငွေကြေးမူဝါဒပြောင်းလဲလိုက်သည့်အတွက် ပြည်ပသို့တင်ပို့ရောင်းချသည့် Export လုပ်ငန်းရှင်များက ဆန်ဈေးမြင့်ပြီး ဝယ်ယူကြသောကြောင့် ဆန်းစပါးဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

      မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူးခရိုင်၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်းနှင့် မကွေးခရိုင်၊ မြို့သစ်၊ တောင်တွင်းတို့တွင် ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး (၉.၁.၂၀၂၄)ရက်နေ့ တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၅၀၀၀)၊ မနောသုခ(သစ်)(၁)တင်းလျှင် ကျပ်(၂၃၀၀၀)၊ ဧည့်မထနွေ(အဟောင်း)(၁)တင်းလျှင် ကျပ်(၂၂၀၀၀)၊ ဧည့်မထမိုး(အသစ်) ကျပ်(၁၉၀၀၀)ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၈၅၀၀၀)၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၈၀၀၀၀)၊ အောင်လံခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၆၅၀၀၀)၊ ချောက်ခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ရတနာတိုး(၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသ(၁)အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ် (၁၀၀၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ဇောင်းဧရာပဒေသာဆန်မှာ ဆီးချိုသမားများ ဝယ်ယူစားသုံးမှုများ၍ ရွှေဘိုပေါ်ဆန်းဈေးနှုန်းနှင့်အတူတူဖြစ်ကြောင်းသိရှိရပါသည်။

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁-၁-၂၀၂၄)ရက်နေ့မှ (၉-၁-၂၀၂၄) ရက်နေ့အထိ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဆန်စီးဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၁၄၇၂၂)အိတ်၊ မန္တလေးတိုင်းမှ (၅၄၀)အိတ်၊ ရန်ကုန်တိုင်းမှ (၁၁၃၀)အိတ်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၂၃)အိတ်၊ စုစုပေါင်း (၁၇၉၁၅)အိတ်၊ (၈၉၅.၇၅)တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)