Main menu

မကွေးမြို့နယ်တွင် စက်သုံးဆီစျေးနှုန်းများတည်ငြိမ်လျက်ရှိ

Powered by Drupal

 မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မကွေးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် စက်သုံးဆီခွဲတမ်းလုံလောက်စွာမရရှိသဖြင့် စက်သုံးဆီဆိုင်များ၌ ကိုယ်ဒါစနစ်ဖြင့် ဆိုင်ကယ်တစ်စီးလျှင် (92) ကျပ်(၄၀၀၀)၊ သုံးဘီးတစ်စီးလျှင် ကျပ်(၈၀၀၀)၊ အိမ်စီးကားတစ်စီးလျှင် ကျပ်(၃၀၀၀၀)နှင့် ဘတ်စ်ကားတစ်စီးလျှင် ကျပ်(၁၀၀၀၀၀)ဖိုးသာရောင်းချခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)နှင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ပထမပတ်)တွင် လိုသလောက်ရောင်းချပေးနေသဖြင့် လူစုများ စုပြုံတိုးဝှေ့ရခြင်းမရှိတော့ကြောင်းသိရှိရပါသည်။

    မကွေးမြို့နယ်ရှိ စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)နှင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ပထမပတ်)အတွင်း ဖြစ်ပေါ်လျက်ရှိသော စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၄၈၅)၊ ဒီဇယ်ပရီမီယံ (၁)လီတာလျှင် ကျပ်(၂၅၃၀)၊ ဓာတ်ဆီ (92)(၁)လီတာလျှင် ကျပ် (၂၆၀၀)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ် (၂၇၀၅)တို့ဖြင့် စျေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)