Main menu

ဆေးဘက်ဝင် ကင်းပွန်းသီးဈေးနှုန်းဈေးကွက်

Powered by Drupal

    ကင်ပွန်းသီးကို ယောနယ်ဒေသ၊ အညာဒေသများတွင် အများအပြားစိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ကင်ပွန်းသီးကို ယောနယ်ဒေသမှာ အများအပြား စိုက်ပျိုးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့ နယ်များမှ လည်းစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့မဈေးသည်များနှင့် ဒေသခံများထံမှ သိရှိရပါသည်။

   ကင်ပွန်းသီးကို ရှေးယခင်ကပင် မြန်မာလူမျိုးအများအပြားအသုံးပြုလျှက်ရှိပါသည်။ ကင်ပွန်းပင်မှရရှိသောအသီးများကို ရှေးမြန်မာအမျိုးသမီးများခေါင်းဆေးမင်္ဂလာပြုလုပ်ရာတွင် တရော်နှင့် ကင်ပွန်း သီးကိုရော၍ အသုံးပြုခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ ကင်ပွန်းသီးမှာ မြန်မာလူများအတွက် ခေါင်းဆေးမင်္ဂလာပြုလုပ်ရာတွင်သာမက ကလေးသူငယ်များ နှာခေါင်းပိတ်လျှင် ကင်ပွန်းသီးကို သွေး၍လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းကြောင်း၊ အရေပြားနှင့် ဆက်စပ်သည့်ရောဂါများဖြစ်သော အရေပြားလေးဘက်နာ၊ နှင်းခူနှင့် တင်းတိတ်များကိုသွေးလိမ်းခြင်းဖြင့် သက်သာစေပါသည်။ ထို့အပြင် ရင်ကြပ်ရောဂါ၊ ခေါင်းကိုက်ခြင်းဝေဒနာများ၊ သွေးစီးဆင်မှုမှတဆင့် အရေပြားတစ်လျှောက်ရှိ အညစ်အကြေးဓာတုပစ္စည်းများကိုလည်း ဖယ်ရှားပေးခြင်း၊ အရေပြား ခြောက်သွေ့အက်ကွဲခြင်းများကို သွေး၍လိမ်းပေးခြင့်ဖြင့် သက်သာပျောက်ကင်း စေပါသည်။ 

    ကင်ပွန်းသီးတွင် သွေးလည်ပတ်မှုကိုကောင်းစေသော(antioxidants) ပါဝင်သောကြောင့် ကင်ဆာဖြစ်စေသောဆဲလ်များကို လျှော့ချနိုင်သောကြောင့် ကင်ဆာရောဂါအချို့ကို သက်သာစေ သည့်အပြင် ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းမွန်စေရန်အတွက်  ခေါင်းလျှော်ရည်တွင် ကင်ပွန်းသီး ကိုပြုတ်၍ထည့်သုံးခြင်းဖြင့် ဦးရေပြားသွေးလည်ပတ်မှုကို ကောင်းမွန်စေကြောင်း  သိရှိရပါသည်။

    ကင်ပွန်းသီးကို ပခုက္ကူခရိုင်မြို့မစည်ပင်သာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် အများအပြား ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ကင်ပွန်းသီးတစ်ပိဿာလျှင် ကျပ်(၁၈၀၀) မှ (၂၀၀၀)ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)