စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၉-၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ကုန်မာဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြည်ပနိုင်ငံများမှတင်သွင်း၍လည်းကောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍လည်းကောင်း ဈေးကွက်အတွင်း ရောင်းလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးများဖြစ်သည့် HRB-500၊ HRB-400 အမျိုးအစားများနှင့် လုပ်ငန်းသုံးသံမဏိများဖြစ်သည့် H-Beam၊ I-Beamနှင့် Hollow များရောင်းချမှုအခြေအနေများကိုစိစစ်ရာ အဆိုပါဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအနေဖြင့် ပြည်ပ(တရုတ်နိုင်ငံ) နှင့် ပြည်တွင်း(ရန်ကုန်)မှထုတ်လုပ်သော ပစ္စည်းများကိုရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်း/ပြည်ပဈေးနှုန်းများမှာ ကွာခြားမှုအနည်းငယ်သာရှိပြီး အရည်အသွေးမှာ ပြည်ပမှပစ္စည်းသည် ပြည်တွင်းထက် အရည်အသွေးကောင်းသဖြင့် ပြည်ပနိုင်ငံထုတ်သာအရောင်းများကြောင်း၊ ရောင်းချရာတွင် တန်အလိုက် ရောင်းချရမှုမရှိဘဲ အချောင်းလိုက်သာရောင်းချရကြောင်း၊ ယခုလက်ရှိအချိန်တွင် အရောင်းအဝယ်အေးနေကြောင်းသိရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပုဒ်မ-၂၃၊ ၂၄နှင့် ၂၅ပါ အချက်များနှင့် ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Consumer Call Center အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)