Main menu

ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စသည့် တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်  ဆီကုန်သည်များနှင့်ပူးပေါင်းကာ (၁၃-၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်၌ ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို ဈေးနှုန်းသက်သာစွာ စားအုန်းဆီများရောင်းချပေးခဲ့ကြောင်းသိရပါသည်။

   အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာကို ၅၈၀၀ကျပ်ဖြင့် လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ (၁၆၅၀)ဦးအတွက် စားအုန်းဆီ ၁၆၅၀ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)