Main menu

ကန့်ဘလူမြို့၌ ဒုတိယပတ်တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) အကြီး (၁)လုံးလျှင် (၃၀၀၀) ကျပ်၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁) ဖီးလျှင် ( ၂၅၀၀) ကျပ်၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ ထောပတ်သီး (၁)လုံးလျှင် (၇၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ရွှေလိမ္မော်သီး(၁) ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော လိမ္မော်သီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဆီးသီး(၁)ထုပ်လျှင် (၁၀၀၀မှ ၂၀၀၀)ကျပ်ထိ၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ပဲစိမ်းစားဥ (၁)တွဲလျှင် (၂၀၀၀)ကျပ်၊ ရှောက်ပန်းသီး(၁)လုံးလျှင် (၃၀၀၀)ကျပ်၊ သင်္ဘောသီး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချရသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက် မြစ်ကြီးနားမှထွက်ရှိသော လိမ္မော်သီး(၁)လုံးလျှင် (၂၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီးဈေးနှုန်းများမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)